Yangon Metropolitan Development Public Co.,Ltd တည်ထောင်ခြင်း

ရန်ကုန်မြို့တော်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ကို စနစ်တကျ အကောင်အထည်ဖော်သွားနိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ နှင့် Myanmar Construction Development Public Co.,Ltd တို့ ပူးပေါင်း၍ Yangon Metropolitan Development Public Co.,Ltd ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၇)(၂.၂.၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ်(၁၀) ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ Yangon Metropolitan Development Public Co.,Ltd (YMD)အား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ နှင့် အထူးကုမ္ပဏီ အက်ဥပဒေတို့နှင့် အညီ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ကုမ္ပဏီမှတ်ပုံတင်အမှတ်၊ ၅၅၃၃/၂၀၁၆-၂၀၁၇(ရက)ဖြင့် (၈.၃.၂၀၁၇)ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်ခွင့် (Certificate for Commenancement of Business) ကို အမှတ်၊ ၁၀/၂၀၁၇-၂၀၁၈(၂၃.၆.၂၀၁၇)ဖြင့် ရရှိခဲ့ပါသည်။

မူလကအစုရှယ်ယာအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်(၅.၁)ဘီလီယံ(၅.၁%)၊ MCD မှ ကျပ်(၄.၉)ဘီလီယံ(၄.၉%)  စုစုပေါင်း ကျပ်(၁၀.၀)ဘီလီယံ ထည့်ဝင်ထားပါသည်။

(၈.၃.၂၀၁၇)ရက်နေ့မှ (၆.၉.၂၀၁၈)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး က ဥက္ကဌ အဖြစ်ဦးဆောင်သော အစိုးရဘက်မှ တာဝန်ခံ ဒါရိုက်တာ(၆)ဦး နှင့် ဦးသာဌေး(MCEA ဥက္ကဌ) က ဒု ဥက္ကဌ အဖြစ်ဦးဆောင်သော Myanmar Construction Development Public Co.,Ltd  ဘက်မှ တာဝန်ခံ ဒါရိုက်တာ(၅)ဦး တို့ဖြင့် Yangon Metropolitan Development Public Co.,Ltd (YMD) ကို ဖွဲ့စည်းခဲ့ပါသည်။

Yangon Metropolitan Development Public Co.,Ltd (YMD)၏ 1st Annual General Meeting ကို (၆.၉.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၆.၉.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော 1st Annual General Meeting တွင် မူလ ဒါရိုက်တာအချို့နှုတ်ထွက်ခြင်း နှင့် ဒါရိုက်တာအချို့ အသစ်ခန့်အပ်ခြင်းများကို အတည်ပြု ဆောင်ရွက်ခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်မှ ဒေါ်မေမေသွယ်၊ ကော်မတီဝင်(၄)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ဥက္ကဌ အဖြစ် ဦးဆောင်သော အစိုးရဘက် မှ တာဝန်ခံ ဒါရိုက်တာ(၆)ဦး နှင့် ဦးသာဌေး(MCEA ဥက္ကဌ) က ဒု ဥက္ကဌ(၁) နှင့် ဦးရှိန်ဝင်း က ဒု ဥက္ကဌ(၂) တို့ ဦးဆောင်သော Myanmar Construction Development Public Co.,Ltd  ဘက်မှ တာဝန်ခံ ဒါရိုက်တာ(၅)ဦး တို့ဖြင့် Yangon Metropolitan Development Public Co.,Ltd (YMD) ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

အစုရှယ်ယာအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်(၅၄)ဘီလီယံ(၉၁.၆၈%)၊ MCD မှ ကျပ်(၄.၉)ဘီလီယံ (၈.၃၂%) စုစုပေါင်း ကျပ်(၅၈.၉)ဘီလီယံ ပြင်ဆင် ထည့်ဝင်ခဲ့ပါသည်။

DICA ၏ ညွှန်ကြားချက်အရ My Co တွင် (၂၄.၁.၂၀၁၉) နေ့၌ ကုမ္ပဏီ မှတ်ပုံတင် အသစ် ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ပါသည်။

 

Leave a Reply