-
တည်နေရာ
ပုဇွန်တောင်မြို့နယ်၊အောက်ပုဇွန်တောင်လမ်း၊ မဟာဗန္ဓုလတံတားအနီး ပြည်တော်သစ်အိမ်ရာစခန်း
-
စီမံကိန်းဧရိယာ
(၄.၆) ဧက
-
လုပ်ငန်းကာလ
၂၀၁၈-၂၀၂ ၂ ခုနှစ်
-
ဆောင်ရွက်ပြီးစီးမှု
ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့်တွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် ၁၂ထပ်ခွဲ လူနေအဆောက်အဦ တစ်လုံး တည်ဆောက်ရန်နှင့် စီမံကိန်း ဒုတိယအဆင့်တွင် အဆင့်မြင့် လူနေအဆောက်အဦများ၊ ဈေးဝယ်စင်တာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦများကို ဆက်လက် ဖော်ဆောင်သွားရန် စီမံထားရှိပါသည်။
စီမံကိန်း ပထမအဆင့်ပါ မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် ၂ထပ်ခွဲ လူနေအဆောက်အဦ၏ တည်ဆောက်ရေး လုပ်ငန်းများအားလုံး (၃၁.၈.၂၀၂၀) နေ့တွင် ပြီးစီးခဲ့သဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မူလနေထိုင်သူ ပြည်သူများထံ အိမ်ခန်းများ ပြန်လည် နေရာချထားခဲ့ပြီး ဖြစ်ပါသည်။
စီမံကိန်း ဒုတိယအဆင့် ဖော်ဆောင်သည်နှင့် တစ်ပြိုင်နက် ပုဇွန်တောင်ချောင်း၏ ရှုခင်းသဘာ၀နှင့ကမ်းနားအလှအပတို့ကို အကျိုးရှိထိရောက်စွာ အသုံးချ၍ အများပြည်သူအတွက် အနားယူ အပန်းဖြေနိုင်မည့် ဥယျာဉ်များပါဝင်လာမည့်အပြင် Yangon Water Bus နှင့် Yangon Bus Service တို့ကို ချိတ်ဆက်၍ အနာဂါတ် Transit Oriented Development အဖြစ်ပေါ်ထွန်းလာစေနိုင်ရန်လည်းရည်မှန်းထားရှိပါသည်။ -
ရည်ရွယ်ချက်
ပြည်တော်သစ် ပြည်သူ့အငှားအိမ်ရာကို ၁၉၅၆ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာသည့်အတွက် နေထိုင်သူများ၏ တောင်းဆိုမှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပေါင်းစပ် ညှိနှိုင်းမှုများအရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်၍ ပြန်လည် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဖြစ်ပါသည်။
ပြန်လည်ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းဖြင့် အိမ်ရာနေ ပြည်သူများ၏ လူနေမှုဘ၀ ပိုမို ကောင်းမွန်လာစေရန်နှင့် အိမ်ရာနှင့် ဆက်စပ်လျက်ရှိသော ပုဇွန်တောင်မြို့နယ်၏ လူမူပတ်ဝန်းကျင်ကိုပါ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ စီမံကိန်းဖော်ဆောင်မှုမှ ရရှိလာသော အကျိုးအမြတ်များကို ဝင်ငွေနည်း ပြည်သူများအတွက် ပြည်သူ့ အိမ်ရာ ဖော်ဆောင်ရာတွင် အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။