<h3> BDS Smart City စီမံကိန်း </h3>

BDS Smart City စီမံကိန်း

  • တည်နေရာ

    ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၇၄)၊ မြေကွက်အမှတ်(၁)၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်

  • စီမံကိန်းဧရိယာ

    (၁၈၃) ဧကခန့်

  • လုပ်ငန်းကာလ

    ၂၀၁၈-၂၀၂၂ ခုနှစ်

  • ဆောင်ရွက်ပြီးစီးမှု

    Yangon Metropolitan Development Public Co.,Ltd အနေဖြင့် စီမံကိန်း Master Plan ရေးဆွဲ၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြုပ်နှံသူများအား စိတ်ဝင်စားမှု အဆိုပြုလွှာ (EoI) နှင့် ရင်းနှီးမြှုပ်နှံမှု တင်ဒါဖိတ်ခေါ်သည့် လုပ်ငန်းစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Government Agent အဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ တင်ဒါယှဉ်ပြိုင်သည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများ အနက် နိုင်ငံတော်သို့ အကျိုးအမြတ်အများဆုံး ခွဲဝေပေးနိုင်မည့် မလေးရှားနိုင်ငံအခြေစိုက် Berjaya Land Berhad ၏ လက်အောက်ခံ BDS Smart City Co.,Ltd မှ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BDS Smart City Co.,Ltd တို့အကြား Concession Agreement လက်မှတ်ရေးထိုးခဲ့ပါသည်။

  • ရည်ရွယ်ချက်

    ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရွှေလီလမ်း နှင့် မြနန္ဒာလမ်းထောင့်ရှိ အစိုးရပိုင်မြေ (၁၈၃) ဧကခန့်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများအပါအဝင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် စီမံကိန်းဖော်ဆောင်၍ ရန်ကုန်မြို့၏ တိုးပွားလာသော လူဦးရေကို ထိန်းညှိရန်နှင့် ပြည်သူများ၏ ဝင်ငွေအဆင့်အတန်းအလိုက် လက်လှမ်းမီ ဝယ်ယူနိုင်မည့် အိမ်ရာများ ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် ထိုသို့ စီမံကိန်းဖော်ဆောင်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အတွက် တာဝန်ကျေပွန်ခဲ့ကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ ပြည်သူများ၏ ဝင်ငွေအဆင့်အတန်းအလိုက် လက်လှမ်းမီ ဝယ်ယူနိုင်မည့် တန်ဖိုးသင့် အိမ်ခန်းများ ရရှိနိုင်ရေးနှင့် စီမံကိန်းမှ ထပ်မံရရှိမည့် ငွေသား အကျိုးအမြတ်တို့ကို အခြား တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများ ဖော်ဆောင်ရာတွင် ထပ်မံ အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။

Leave a Reply