About Us

ရန်ကုန်မြို့တော်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ကို စနစ်တကျအကောင်အထည်ဖော်သွားနိုင်ရန်အတွက် Yangon Metropolitan Development Public Co.,Ltd ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ နှင့် Myanmar Construction Development Public Co.,Ltd တို့ ပူးပေါင်း၍ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် (၈.၃.၂၀၁၇)ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ နှင့် အထူးကုမ္ပဏီ အက်ဥပဒေတို့နှင့် အညီ  ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ရည်မှန်းချက်(Mission)

(၁)  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ မြို့ပြမြေဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်၊

(၂)  ဝင်ငွေနည်းပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများအတွက် သင့်လျော်ကောင်း မွန်သည့် အိမ်ရာများကို ထုတ်လုပ် ဖြန့်ဖြူးရန်၊

(၃)  စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၁ နှင့်အညီ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာ အတိုင်ပင်ခံအဖြစ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ခံ ဆောင်ရွက်ရန်၊

(၄)  ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးပွားလာစေရေး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ နှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(၅)  ပြည်သူလူထု၏ လူမှုအကျိုးစီးပွားမြှင့်တင်ရေး အစီအစဉ်များတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပူးပေါင်း ဖော်ဆောင်ရန်၊

(၆)  ရန်ကုန်မြို့တော်စဉ်ဆက်မပြတ်တိုးတက်ရေးအတွက် သုတေသနနှင့်ဥပဒေ ရေးရာကိစ္စရပ်များတွင် ပံ့ပိုးဆောင်ရွက်ရန်

မျှော်မှန်းချက်(Vision)

ဆောက်လုပ်ရေးကဏ္ဍ နှင့် မြို့ပြမြေဖွံ့ဖြိုးရေးကဏ္ဍ တို့တွင် ဦးဆောင် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြင့် ရန်ကုန်မြို့တော်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်။